Author Archives: RRD
-
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံအပိုင်၊ (ကရင်စု) အေးသာယာ (၇) လမ်းတွင် မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှု အခြေအနေသတင်း
(၂၂-၄-၂၀၁၆) ရက်နေ့၊ (၁၁:၅၀) အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံအပိုင်၊ (ကရင်စု) အေးသာယာ (၇) လမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၃) စုမှ ကျား (၆) ဦး၊ မ (၈) ဦး ၊ စုစုပေါင်း (၁၄) ဦး ဘေးဒုက္ခကြုံ တွေ့ခဲ့ရပြီး၊ သွပ်မိုး၊ ပျဉ်ခင်း/ကာ (၁) လုံးနှင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ (၁) လုံး၊ စုစုပေါင်းအိမ်ခြေ … Read more
-
(၂၂-၄-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အထက်ကျုံပါကျေးရွာအတွင်း သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၂၂-၄-၂၀၁၆) ရက်နေ့တွင် သနပ်ပင်မြို့နယ်၊ အထက်ကျုံပါကျေးရွာအတွင်း အိမ်ထောင်စု (၃၀၇) စုအတွက် သောက်သုံးရေဂါလံပေါင်း (၁၃၅၂) ကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၂၂-၄-၂၀၁၆)နေ့ (၁၁းဝ၀)နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာသို့ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယားပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်(၂၂-၄-၂၀၁၆)နေ့ (၁၁းဝ၀)နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာသို့သောက်သုံးရေဂါလံ (၁၅၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် သထုံခရိုင်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်သို့ သထုံခရိုင်ဦးစီးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးဒေါ်လှကေသီမာနှင့်အဖွဲ့သည် (၂၁-၄-၂၀၁၆) ရက်နေ့(၂ဝးဝ၀)နာရီအချိန်တွင် သောက်သုံးရေလီတာ (၃၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၉-၃-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာနှင့် အောင်မြေသာကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့ပေးမှုအခြေအနေသတင်း
(၂၂-၄-၂၀၁၆) ရက်နေ့တွင် ထပ်မံရရှိသော သတင်းများအရ- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာနှင့် အောင်မြေသာကျေးရွာတို့၌ (၂၉-၃-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၁၄၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀၀၀၀၀)၊ ဆန်ရိက္ခာ (၁၂၆၀၀၀) တို့အား ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက (၂၂-၄-၂၀၁၆) ရက်နေ့၊ (၁၁:ဝ၀) နာရီအချိန်တွင် သွားရောက်ကာ ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဘေးသင့်ပြည်သူများအား ကချင်ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ … Read more
-
(၂၂-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ သရက်ပုကျေးရွာအတွင်း သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (တောင်ကြီး) သည် (၂၂-၄-၂၀၁၆) ရက်နေ့တွင် ကလောမြို့နယ်၊ သရက်ပုကျေးရွာအတွင်း အိမ်ထောင်စု (၁၈၀) အတွက် သောက်သုံးရေဂါလံပေါင်း (၂၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၂-၄-၂၀၁၆) ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျီးကန်အုပ်စု၊ အလယ်ကုန်းကျေးရွာသို့ ရေဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့်ဝန်ထမ်းများမှ ရေနံချောင်းမြို့နယ်၊ မကျီးကန်အုပ်စု၊ အလယ်ကုန်းကျေးရွာရှိ အိမ်ခြေ (၁၆၉)၊ အိမ်ထောင်စု (၁၈၂)၊ လူဦးရေ(၈၆၃)ဦးတို့အတွက် ရေဂါလံ(၃၀၀၀)အား (၂၂-၄-၂၀၁၆)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင်သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာအတွင်းရှိ ရပ်ကွက်များအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလွင်ကျေးရွာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၁-၄-၂၀၁၆) ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာအတွင်းရှိ ရပ်ကွက်များအတွက် ရေဂါလံပေါင်း (၃၈၀၀) ကို သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နှစ်သစ်ကူးလက်ဆောင်ပေးသည့်အထုပ်ပါ ငွေကျပ်သိန်း (၅၀) ကို အလွန်လိုအပ်သောနေရာတွင် သောက်သုံးရေအဆင်ပြေစေရေးဆောင်ရွက်ပေးခြင်း
နိုင်ငံတော်သမ္မတရုံးမှ (၂၀.၄.၂၀၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးအပ် သည့် အထုပ်ပါ ငွေသားကျပ်သိန်း (၅၀) အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်သည့်လုပ်ငန်းများလုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူ မည်ဟု ဖော်ပြပြီးဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်း ကသစ်ခုံရွာကုန်း၊ ကပင်၊ ကျွဲတဲ၊ အောင်ဘုံ၊ နတ်ရေကန်စသည့် ကျေးရွာပေါင်း (၂၀) နီးပါးခန့်၊ လူဦးရေ (၅) သောင်းကျော်သည် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီ လိုအပ်ကြောင်း … Read more
-
(၂၁-၄-၂၀၁၆) ရက်နေ့တွင် ငပုတောမြို့ နယ်၊ တောင်ရွာကျေးရွာအုပ်စု၊ ကုလားမတောင်ကျေးရွာမှ ဆရာတော် ဦးဝါသဝ ထံသို့ (၈) ဂါလံဆံ့ ရေပုံး (၅၀) ပုံး၊ ဂါလံ (၄၀၀) အား ဖြန့်ဝေပေးမှုသတင်း
ဦးစီးဌာန(ရုံးချုပ်)သို့ တယ်လီဖုန်းဖြင့် သောက်သုံးရေသန် ့ တောင်းခံလာသည့် ငပုတောမြို့နယ်၊ တောင်ရွာကျေးရွာအုပ်စု၊ ကုလားမတောင် ကျေးရွာမှ ဆရာတော်ဦးဝါသဝထံသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုး(ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများမှ ၂၁-၄-၂၀၁၆ ရက်နေ့တွင် အောင်သန်းညွှန့် (၁) သင်္ဘောဖြင့် (၈) ဂါလံဆံ့ ရေပုံး (၅၀) ပုံး၊ ဂါလံ (၄၀၀) အား ဖြန့်ဝေပေးပြီးဖြစ်ပါသည်။
