(၂၂-၄-၂၀၁၆) ရက်နေ့တွင် ထပ်မံရရှိသော သတင်းများအရ-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာနှင့် အောင်မြေသာကျေးရွာတို့၌ (၂၉-၃-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၁၄၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀၀၀၀၀)၊ ဆန်ရိက္ခာ (၁၂၆၀၀၀) တို့အား ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက (၂၂-၄-၂၀၁၆) ရက်နေ့၊ (၁၁:ဝ၀) နာရီအချိန်တွင် သွားရောက်ကာ ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဘေးသင့်ပြည်သူများအား ကချင်ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၃၁-၃-၂၀၁၆) ရက်နေ့တွင် ကနဦးထောက်ပံ့မှုအဖြစ် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၂၄) စုစာကို ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)