(၂၂-၄-၂၀၁၆) ရက်နေ့၊ (၁၁:၅၀) အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံအပိုင်၊ (ကရင်စု) အေးသာယာ (၇) လမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၃) စုမှ ကျား (၆) ဦး၊ မ (၈) ဦး ၊ စုစုပေါင်း (၁၄) ဦး ဘေးဒုက္ခကြုံ တွေ့ခဲ့ရပြီး၊ သွပ်မိုး၊ ပျဉ်ခင်း/ကာ (၁) လုံးနှင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ (၁) လုံး၊ စုစုပေါင်းအိမ်ခြေ (၂) လုံး မီးလောင်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ (၅၀၀၀၀၀/-) ဖြစ်ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၃) စုစာအား (၂၂-၄-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။