Author Archives: RRD
-
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်း ကျေးရွာတွင် သောက်သုံးရေဂါလံ (၃၈၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပင်မှီကျေးရွာအုပ်စု၊ မြေခြားကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပင်မှီကျေးရွာအုပ်စု၊ မြေခြားကျေးရွာ အိမ်ခြေ/အိမ်ထောင်စု (၅၀) စုအတွက် သောက်သုံးရေဂါလံ (၁၂၈၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အနန်းကုန်းကျေးရွာအုပ်စု နှင့် သရက်ကုန်း (အရှေ့ရွာ) တို့တွင်သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အနန်းကုန်း ကျေးရွာအုပ်စု နှင့် သရက်ကုန်း(အရှေ့ရွာ) တို့တွင် ဒုတိယအကြိမ်အဖြစ်ရေသန့် (၈) ဂါလံပါပုံး(၁၅၀)ပုံး၊ စုစုပေါင်း သောက်သုံးရေဂါလံ (၁၂၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်၊ သူရဲတန်အုပ်စု၊ သဲဖြူကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်၊ သူရဲတန်အုပ်စု၊ သဲဖြူကျေးရွာသို့သောက်သုံးရေဂါလံ ၁၆၀၀ အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျီးတောအုပ်စု၊ ကြပ်ပြိုကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်၊ ကျီးတောအုပ်စု၊ ကြပ်ပြိုကျေးရွာရှိ ရွာသူရွာသားများ အတွက် သောက်သုံးရေ ဂါလံ (၂၄၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ နှင့် ပျဉ်ရွာများ သို့သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် (၃၀-၄-၂၀၁၆) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ နှင့် ပျဉ်ရွာရှိရွာသူရွာသားများအတွက် ရွာတစ်ရွာလျှင် ရေဂါလံ (၅၀၀) ဖြင့် ရေဂါလံ (၁၅၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
-
ချင်းပြည်နယ်၊ ဖလန်းမြို့နယ်၊ လိုင်ဇိုးကျေးရွာရှိ စာသင်ဆောင် ယာယီအမိုးအတွက် မိုးကာစလိပ် (၃)လိပ် ပေးအပ်မှုသတင်း
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ် နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လိုင်ဇိုးကျေးရွာဟောင်းမှ ကျေးရွာသစ်သို့ ပြောင်းရွှေ့ရာတွင် မိုးမကျမီ စာသင်ဆောင် ယာယီ အမိုးအတွက် မိုးကာစလိပ် (၃) လိပ်အား ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ လေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
ချင်းပြည်နယ်လူမှုရေးဝန်ကြီးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွင်လေပြင်းတိုက်ခတ်၍ မိုးသီးကျခြင်းကြောင့် ပျက်စီးသော အိမ် (၂၁၇) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာ (၃) ရက်စာ / ငွေ (၁၁၇၇၂၀၀) ကျပ်အား ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်ရှိ လေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
ချင်းပြည်နယ်လူမှုရေးဝန်ကြီးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ် တွင်လေပြင်းတိုက်ခတ်၍ မိုးသီးကျခြင်းကြောင့် ပျက်စီးသော အိမ်(၆၂) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေး ပစ္စည်း(၃)မျိုးအား ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျုံပါချောင်းဝကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် သနပ်ပင်မြို့နယ်၊ ကျုံပါချောင်းဝကျေးရွာသို့ သောက်သုံးရေဂါလံ (၁၃၅၂) အား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
