ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ပြည်ခရိုင်၊ ပန်တောင်းမြို့နယ်၊ သူရဲတန်အုပ်စု၊ သဲဖြူကျေးရွာသို့သောက်သုံးရေဂါလံ ၁၆၀၀ အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။