ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် (၃၀-၄-၂၀၁၆) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ နှင့် ပျဉ်ရွာရှိရွာသူရွာသားများအတွက် ရွာတစ်ရွာလျှင် ရေဂါလံ (၅၀၀) ဖြင့် ရေဂါလံ (၁၅၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။