ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၀-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အနန်းကုန်း ကျေးရွာအုပ်စု နှင့် သရက်ကုန်း(အရှေ့ရွာ) တို့တွင် ဒုတိယအကြိမ်အဖြစ်ရေသန့် (၈) ဂါလံပါပုံး(၁၅၀)ပုံး၊ စုစုပေါင်း သောက်သုံးရေဂါလံ (၁၂၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။