Author Archives: RRD
-
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အခွန်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၈-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် မုဒုံမြို့နယ်၊ အခွန်ကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ကြာတန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေသတင်း
(၃-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီး မှူးရုံးမှတာဝန်ရှိသူများ သည် (၂-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အိမ်မဲမြို့၊ ကြာတန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာရှိ အမိုးလန် (၁) အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုး ၂၀၀၀၀/- ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၄) မျိုး၊ အနည်းငယ်အမိုးလန် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူလေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၃-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဇလုပ်ကြီးအုပ်စု၊ ဇလုပ်ကြီးကျေးရွာ၊ ထိုက္ကလေးအုပ်စု၊ ထိုက္ကလေးကျေးရွာ၊ စစ်ကွင်းအုပ်စု၊ စစ်ကွင်းကျေးရွာများရှိ နေအိမ် (၃) လုံးပြိုကျခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၃ အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်အိမ်ထောင် လျှင် (၅၀၀၀၀/-) နှုန်းဖြင့် ၃ အိမ်ထောင်စာအတွက် (၁၅၀၀၀၀/-)၊ အမိုးလန်နှင့် သစ်ပင်ပိ အိမ် (၅၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၂) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်အိမ်ထောင်လျှင် … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေ သတင်း
(၃-၅-၂၀၁၆)ရက်နေ့ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၆) ရက်နေ့၊ ည (၂၁း၁၅) အချိန်တွင်ဖြစ်ပွားသော မီးလောင်မှုကြောင့် ဖျာပုံမြို့၊ အမှတ် ၁၇ ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပ့ံပေးအပ်ခဲ့ပြီး အားပေးနှစ်သိမ့်စကားများလည်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြန်ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြန်ကျေးရွာရှိ အိမ်ခြေ (၂၂၀) အတွက် သောက်ရေ (၂၀) လီတာဆန့် ရေသန့်ဘူးကြီး (၂၂၀) အား (၄-၅-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေ ပေးခဲ့ပါသည်။
-
(၄-၅-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဇရစ်ချောင်းပိုင်းနှင့် နောင်ဘိုကျေးရွာ ဥသျှစ်ကုန်းပိုင်းနှင့် နောင်ဘိုတောင်ပိုင်းရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဇရစ်ချောင်းပိုင်းနှင့် နောင်ဘိုကျေးရွာ ဥသျှစ်ကုန်းပိုင်းနှင့် နောင်ဘိုတောင်ပိုင်းရွာများသို့ သောက်သုံးရေဂါလံ (၂၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ လေဘေးထောက်ပံ့ပြီးစီးမှုသတင်း
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၌ (၂၂-၄-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၄) စု ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၀၀၀၀/-) ကျပ်အား (၃-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် လေဘေးထောက်ပံ့ပြီးစီးမှုသတင်း
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း၌ (၂၂-၄-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၃၃) စု ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၆၀၀၀၀/-) ကျပ်အား (၃-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ဘောဒူဖ-၂ ကျေးရွာ၊ (IDP Camp) ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေသတင်း
၂၀၁၆ ခုနှစ်၊ မေလ (၃) ရက်နေ့၊ နံနက်(၉) နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောဒူဖ-၂ကျေးရွာရှိ (IDP Camp) တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၈) ခန်းတွဲလူနေတဲတန်းလျား (၅၆) ဆောင် မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၄၄၈) စုမီးဘေးသင့်ခဲ့ကြောင်း ကနဦးသတင်းရရှိမှုများအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ သည် မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ချက်ချင်းသွားရောက်ကာ မိသားစုသုံး ကယ်ဆယ်ရေး ပစ္စည်းများ ကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးခြင်းနှင့် ယာယီပြန်လည်နေထိုင်နိုင်ရန်အတွက် မိုးကာတဲကြီးများဖြင့် ယာယီနေ … Read more
-
(၃-၅-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ.ထ.က (၁)၊ ဗိုလ်တိုက်ချွန်းခန်းမဆောင်၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၃-၅-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ.ထ.က (၁)၊ ဗိုလ်တိုက်ချွန်းခန်းမဆောင်၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်သူ/သား စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
