ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ဘောဒူဖ-၂ ကျေးရွာ၊ (IDP Camp) ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုအခြေအနေသတင်း

11 554၂၀၁၆ ခုနှစ်၊ မေလ (၃) ရက်နေ့၊ နံနက်(၉) နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောဒူဖ-၂ကျေးရွာရှိ (IDP Camp) တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၈) ခန်းတွဲလူနေတဲတန်းလျား (၅၆) ဆောင် မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၄၄၈) စုမီးဘေးသင့်ခဲ့ကြောင်း ကနဦးသတင်းရရှိမှုများအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ သည် မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ချက်ချင်းသွားရောက်ကာ မိသားစုသုံး ကယ်ဆယ်ရေး ပစ္စည်းများ ကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးခြင်းနှင့် ယာယီပြန်လည်နေထိုင်နိုင်ရန်အတွက် မိုးကာတဲကြီးများဖြင့် ယာယီနေ ထိုင်နိုင်ရေးဆောင်ရွက်ပေးခြင်းတို့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events