ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူလေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း

f-2

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၃-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဇလုပ်ကြီးအုပ်စု၊ ဇလုပ်ကြီးကျေးရွာ၊ ထိုက္ကလေးအုပ်စု၊ ထိုက္ကလေးကျေးရွာ၊ စစ်ကွင်းအုပ်စု၊ စစ်ကွင်းကျေးရွာများရှိ နေအိမ် (၃) လုံးပြိုကျခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၃ အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်အိမ်ထောင် လျှင် (၅၀၀၀၀/-) နှုန်းဖြင့် ၃ အိမ်ထောင်စာအတွက် (၁၅၀၀၀၀/-)၊ အမိုးလန်နှင့် သစ်ပင်ပိ အိမ် (၅၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၂) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်အိမ်ထောင်လျှင် (၂၀၀၀၀/-) နှုန်းဖြင့် ၅၂ အိမ်ထောင်စုအတွက် (၁၀၄၀၀၀၀/-)၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၁၉၀၀၀၀/-) အား လည်းကောင်း၊ လေဘေးသင့် လူဦးရေ ကျား (၉၇ )၊ မ (၁၀၃) ၊ စုစုပေါင်း (၂၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀/-) အားလည်းကောင်း (၄-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ကွင်းဆင်း ကြည့်ရှု၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events