ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း၌ (၂၂-၄-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ယင်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၃၃) စု ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၆၀၀၀၀/-) ကျပ်အား (၃-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။