Author Archives: RRD
-
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ရွှေကံကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေကံကျေးရွာနေ ပြည်သူများအတွက် ရေဂါလန်(၁၅၀၀)အား (၇-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာခရိုင်၊ ရေဆိုင်ကျေးရွာအုပ်စုတွင် သောက်သုံးရေဖြန့်ဝေမှုသတင်း
လပွတ္တာခရိုင်၊ ရေဆိုင်ကျေးရွာအုပ်စု၊ မလေးဆိပ်ကျေးရွာတွင် (၇-၅-၂၀၁၆) ရက်နေ့ (၁၅၃၀) အချိန်၌ အိမ်ခြေ (၂၁၀)၊ အိမ်ထောင်စု (၂၂၀)၊ လူဦးရေ (၈၈၀)၊ တို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးရှိတာ၀န်ရှိသူများမှ သောက်ရေသန့် ဂါလန် (၄၃၄) ဂါလန် (လီတာ ၂၀၀၀) အား ဖြန့်ဝေပေးခဲ့ပါသည်။
-
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့တွင် (၂၆-၄-၂၀၁၆) ရက်နှင့် (၂၉-၅-၂၀၁၆) ရက်နေ့များ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မိုးမိတ်မြို့နယ်၌ အမိုးလန် အိမ် (၇၂၅) လုံးအတွက် (၁၄၅ဝဝဝဝဝ/-) ကျပ်နှင့် မဘိမ်းမြို့နယ်၌ အမိုးလန် အိမ် (၃၈) လုံးအတွက် အား (၇၆၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၅၂၆ဝဝဝဝ/-) ကျပ်အား (၇-၅-၂၀၁၆) ရက်နေ့ တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်းတွင် (၇-၅-၂၀၁၆)ရက်နေ့ (၁၀၄၅)အချိန်၌ မီးဘေးဖြစ်ပွားခဲ့ပြီး လူနေအိမ် (၉)လုံး၊ အိမ်ထောင်စု(၉)စုမှ ကျား (၂၁)ဦး ၊ မ(၂၂)ဦး စုစုပေါင်း (၄၃)ဦး မီးဘေးသင့်ခဲ့ပါသည်။ ထိုမီးဘေးအတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးမှ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၁၁)သိန်းကျပ်၊ ဆန်ဘိုးထောက်ပံ့ငွေ (၃၈၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၉)စု စာအားလည်းကောင်း ၊ Care Myanmar Family Kit (၉)ထုပ် ၊ ရေသန့် … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမြောက်တပ်ရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့မှ (၈) မိုင်ခန့်အကွာ ပုသိမ်-ငွေဆောင် ကားလမ်းမဘေးရှိ အမြောက်တပ်ရွာ အိမ်ခြေ (၇၀)၊ လူဦးရေ (၂၅၀) ခန့်အတွက် ရေ (၈) ဂါလန်ဆံ့ ရေပုံး (၁၅၀) ပုံးဖြင့် စုစုပေါင်းပေါင်း ဂါလန် (၁၂၀၀) အား သွားရောက် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။
-
ပြည်ခရိုင်၊ အုပ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ အုပ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ဧပြီလ (၂၉)ရက်နှင့် (၃၀) ရက်နေ့များအတွင်း လေဘေးဖြစ်ပွားခဲ့ရာ လေဘေးသင့်အိမ်ခြေအိမ်ထောင်စုများ၊ ဘာသာရေးအဆောက်အအုံများနှင့် အိမ်ဆောက်ပစ္စည်းများ၏ တန်ဖိုးငွေများအားထောက်ပံ့ခဲ့ရာ အုတ်ဖိုမြို့နယ်အတွက် ၂၆၁ဝဝဝဝကျပ်၊ မင်းလှမြို့နယ်အတွက် ၁၃၄၉၃၅ဝ ကျပ် ကိုပြည်ခရိုင်ဦးစီးမှူးမှသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း၌ (၁-၅-၂၀၁၆) ရက်နှင့် (၂-၅-၂၀၁၆) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၂၅၃) လုံးနှင့် ဘာသာရေးအဆောက်အအုံ (၂) လုံးတို့အတွက် ထောက်ပံ့ငွေ (၅၈၄ဝဝဝဝ) ကျပ် အား (၇-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
-
ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မီးဘေးနှင့် လေဘေးအတွက်ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ဖြစ်ပွားသော (၁၉-၄-၂၀၁၆) မီးဘေးနှင့် (၃၀-၄-၂၀၁၆) ရက်နေ့ လေဘေးသင့် အိမ်ခြေအိမ်ထောင်စု (၂၃) စုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ မြို့နယ်အုပ်ချုပ်ရေးမှူးသို့အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၄၂၂၄၁ဝဝ ကျပ် ကို ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့နိုင်ရန် (၇-၅-၂၀၁၆)ရက်နေ့တွင် လွှဲအပ်ခဲ့ပါသည်။
-
ဟင်္သာတမြို့နယ် (လိပ်ခုံး၊ အင်းကြီး၊ သရက်အုပ်) ကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၆-၅-၂၀၁၆) ရက်နေ့တွင် ဟင်္သာတမြို့နယ် (လိပ်ခုံး၊ အင်းကြီး၊ သရက်အုပ်) ကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဒလပန်းကျေးရွာတွင် ရေဖြန့်ဝေမှုသတင်း
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စု၊ ဒလပန်းကျေးရွာ (၆-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ဂါလံ (၁၀၀၀) အား သွားရောက် ဖြန့်ဝေခဲ့ပါသည်။
