ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့တွင် (၂၆-၄-၂၀၁၆) ရက်နှင့် (၂၉-၅-၂၀၁၆) ရက်နေ့များ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မိုးမိတ်မြို့နယ်၌ အမိုးလန် အိမ် (၇၂၅) လုံးအတွက် (၁၄၅ဝဝဝဝဝ/-) ကျပ်နှင့် မဘိမ်းမြို့နယ်၌ အမိုးလန် အိမ် (၃၈) လုံးအတွက် အား (၇၆၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၅၂၆ဝဝဝဝ/-) ကျပ်အား (၇-၅-၂၀၁၆) ရက်နေ့ တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events