ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

13100951_566771326823935_4328961125154352346_n 13131007_566771463490588_7513314275248319453_o

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်းတွင် (၇-၅-၂၀၁၆)ရက်နေ့ (၁၀၄၅)အချိန်၌ မီးဘေးဖြစ်ပွားခဲ့ပြီး လူနေအိမ် (၉)လုံး၊ အိမ်ထောင်စု(၉)စုမှ ကျား (၂၁)ဦး ၊ မ(၂၂)ဦး စုစုပေါင်း (၄၃)ဦး မီးဘေးသင့်ခဲ့ပါသည်။ ထိုမီးဘေးအတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးမှ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၁၁)သိန်းကျပ်၊ ဆန်ဘိုးထောက်ပံ့ငွေ (၃၈၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၉)စု စာအားလည်းကောင်း ၊ Care Myanmar Family Kit (၉)ထုပ် ၊ ရေသန့် (၁၈)ကဒ်၊ ခေါက်ဆွဲခြောက် (၄)ကာတွန်းနှင့် စားဆီ (၃)ဖာ ထောက်ပံ့ပေးခဲ့ပြီး ယာယီဒုက္ခသည် စခန်းအား အောင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ်ထားပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events