ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမြောက်တပ်ရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

2

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့မှ (၈) မိုင်ခန့်အကွာ ပုသိမ်-ငွေဆောင် ကားလမ်းမဘေးရှိ အမြောက်တပ်ရွာ အိမ်ခြေ (၇၀)၊ လူဦးရေ (၂၅၀) ခန့်အတွက် ရေ (၈) ဂါလန်ဆံ့ ရေပုံး (၁၅၀) ပုံးဖြင့် စုစုပေါင်းပေါင်း ဂါလန် (၁၂၀၀) အား သွားရောက် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events