Author Archives: RRD

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    တောင်ကြီးမြို့နယ်အတွင်း (၂၂-၄-၂၀၁၆) ရက်နေ့၌ လေဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၆) ရက်နေ့တွင် လေဘေးဒဏ်ခံစားခဲ့ရသောအိမ်ထောင်စုများအတွက် Family Kit(၁၁၉)စုစာနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ(၅၄၀,၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • (၈-၅-၂၀၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ အထက်တန်းကျောင်း ခန်းမ၌ “သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ရက်(၁၀၀)စီမံချက်လုပ်ငန်းစဉ်အဖြစ် (၈.၅.၂၀၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ အထက်တန်းကျောင်းခန်းမ၌ “သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ”အား နံနက် (၀၉:၃၀)နာရီ မှ (၁၁:၁၅)နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအင်အား (၂၅၀) ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်မှ လေပြင်းတိုက်ခက်မှုဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးများအတွက် ရှောင်ရန်ဆောင်ရန် အချက်များအားဆွေးနွေးခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်းနှင့် ဘေးဖြစ်ပွားမှုမှတ်တမ်း ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်လေဘေးထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် (၂-၅-၂၀၁၆)ရက်နေ့ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၇)စုမှ ကျေးရွာခွဲ (၁၇)ရွာတွင် လူနေအိမ် ပြိုကျပျက်စီး (၂၀)လုံးနှင့် အမိုးလန် (၁၂၅)လုံးမှ အိမ်ထောင်စု (၁၃၀)စု၊ လူဦးရေ ကျား (၂၆၆)ဦးနှင့် မ (၃၀၅)ဦး၊ စုစုပေါင်း (၅၇၁)ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် ပြည်သူများအတွက် (၃-၅-၂၀၁၆) ရက်နေ့တွင် ပြိုကျပျက်စီး အိမ်ခြေ (၂၀)လုံးအတွက် (၁)အိမ်လျင် (၅၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း (၁၀၀၀၀၀၀/-)အား သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် … Read more

  • ပြည်ခရိုင်၊ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင် လေဘေးအတွက်ထောက်ပံ့မှုသတင်း

    ပြည်ခရိုင်၊ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင်ဧပြီလ (၂၉)ရက်မှ (၃၀)ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများပြိုလဲ အမိုးလန်ခဲ့ခြင်းများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှနတ်တလင်းမြို့နယ်အတွက် ၉၃၈၈ဝဝ ကျပ်၊ မိုးညိုမြို့နယ်အတွက် ၂၇၇၃၅ဝဝ ကျပ် နှင့် ပြိုလဲအိမ်ခြေများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများထံသို့ (၇-၅-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့နိုင်ရန်လွှဲအပ်ခဲ့ပါသည်။

Sign Up

Upcoming Events