ပြည်ခရိုင်၊ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင်ဧပြီလ (၂၉)ရက်မှ (၃၀)ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများပြိုလဲ အမိုးလန်ခဲ့ခြင်းများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှနတ်တလင်းမြို့နယ်အတွက် ၉၃၈၈ဝဝ ကျပ်၊ မိုးညိုမြို့နယ်အတွက် ၂၇၇၃၅ဝဝ ကျပ် နှင့် ပြိုလဲအိမ်ခြေများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများထံသို့ (၇-၅-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့နိုင်ရန်လွှဲအပ်ခဲ့ပါသည်။