လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ငှက်ပျောတော(၂)လမ်း၊ (၄)လမ်း၊ နတ်စင်လမ်း၊ ကျွန်းတော(၂)လမ်းရှိ ပြည်သူများအတွက် ရေဂါလံ (၃၀၀၀) အား (၆-၅-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)