ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်လေဘေးထောက်ပံ့မှုသတင်း

5

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် (၂-၅-၂၀၁၆)ရက်နေ့ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၇)စုမှ ကျေးရွာခွဲ (၁၇)ရွာတွင် လူနေအိမ် ပြိုကျပျက်စီး (၂၀)လုံးနှင့် အမိုးလန် (၁၂၅)လုံးမှ အိမ်ထောင်စု (၁၃၀)စု၊ လူဦးရေ ကျား (၂၆၆)ဦးနှင့် မ (၃၀၅)ဦး၊ စုစုပေါင်း (၅၇၁)ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် ပြည်သူများအတွက် (၃-၅-၂၀၁၆) ရက်နေ့တွင် ပြိုကျပျက်စီး အိမ်ခြေ (၂၀)လုံးအတွက် (၁)အိမ်လျင် (၅၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း (၁၀၀၀၀၀၀/-)အား သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် လွှဲအပ်ခဲ့ပြီး၊ (၄-၅-၂၀၁၆)ရက်နေ့တွင် ပြိုကျအိမ်ခြေ (၂၀)လုံးမှ အိမ်ထောင်စု (၂၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် အမိုးလန် (၁၂၅)လုံးမှ အိမ်ထောင်စု (၁၃၀)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၄)မျိုးအား ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ ထို့နောက် ဒုတိယအကြိမ်အနေဖြင့် (၇-၅-၂၀၁၆) ရက်နေ့တွင် အမိုးလန်အိမ်ခြေ (၁၂၅)လုံးအတွက် (၁)အိမ်လျင် ကျပ် (၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ကျပ် (၂၅၀၀၀၀၀/-)အား ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events