Author Archives: RRD
-
(၁၅.၅.၂၀၁၆)ရက်နေ့၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးနေမှုသတင်း
(၁၅.၅.၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ တောကြီးကျေးရွာအတွင်းရှိ အိမ်ခြေ (၃၀၀)၊ အိမ်ထောင်စု (၃၃၀)ရှိ လူဦးရေစုစုပေါင်း (၁၄၄၆) ဦးအတွက် စုစုပေါင်းသောက်သုံးရေဂါလန် (၃၆၀၀) ဂါလန် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် မန်ရွက်ကျေးရွာများရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် မန်ရွက်ကျေးရွာများတွင် (၁၃-၅-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး အိမ်(၂)လုံး၊ အမိုးလန်(၉)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရပါသည်။ ၂။ အဆိုပါ လေဘေးသင့် အိမ်ထောင်စု(၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဘုန်းကြီးကျောင်းအတွက် သင်္ကန်း(၁၀)စုံ၊ ဆန်ရိက္ခာဖိုး လူဦးရေ (၅၃)ဦးစာ (၄၇,၇၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၄၀,၀၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၃၈၇,၇၀၀/-)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၁၄-၅-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ ရေဂါလံ (၄၅၅၀) ဂါလံအား သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်အုပ်စု၊ မရိုးကျွန်းကျေးရွာသို့ သောက်ရေများ ဖြန့်ဝေပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်အုပ်စု၊ မရိုးကျွန်းကျေးရွာရှိ တွင်းရေမှာ သောက်သုံးမရသဖြင့် သောက်ရေသန့်လိုအပ်လျက်ရှိခြင်းအတွက် ပြည်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများက (၁၄-၅-၂၀၁၆) တွင် Grace တံဆိပ်သောက်ရေသန့်ဘူးကြီး (၁၆၀) ဘူး၊ ဂါလံ (၈၀၀) ကို သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
(၁၃.၅.၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုအတွင်းရှိ ချောင်းဝကျေးရွာတွင် မုန်တိုင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သမ္မဝတီရေတပ်စခန်းဌာနချုပ် ကမ်းထိုးရေယာဉ်မှ အရာရှိစစ်သည်များ၊ ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အခြားသောမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းဝကျေးရွာ၊ သပြေငူကျေးရွာ၊ ကျင်းကောကျေးရွာတို့မှ ကျေးရွာနေပြည်သူလူထုများ စုစုပေါင်း (၉၁၅) ဦး ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၁၄-၅-၂၀၁၆ )ရက်နေ့တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ လေယာဉ်ကွင်းကျေးရွာသို့ သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
(၁၄-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ လေယာဉ်ကွင်းကျေးရွာရှိ အိမ်ခြေ (၃၂၀)လုံး၊ အိမ်ထောင်စု (၄၀၃)စု၊ လူဦးရေ (၁၆၀၂)ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၃၂၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့၌ (၉-၅-၂၀၁၆) ရက်နေ့နှင့် (၁၃-၅-၂၀၁၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၅) လုံး ပြိုကျခဲ့ပြီး အိမ်ခြေ (၈၀) အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျအိမ်ခြေ (၅) လုံးနှင့် အမိုးလန်အိမ်ခြေ (၈၀) အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၈၅၀၀၀၀) နှင့် ပြိုကျအိမ် (၃) အိမ်အတွက် မိသားစုသုံးအစုံ (၃) အိတ်တို့အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၁၄-၅-၂၀၁၆)ရက်နေ့၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်အတွင်း သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၁၄-၅-၂၀၁၆)ရက်နေ့၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟားခါးမြို့မှ(၂)မိုင်ခန့်ကွာဝေးသော မြို့ကွက်သစ်ရပ်ကွက်အတွင်း အိမ်ခြေ(၁၀၀)ခန့်ရှိပြီး စုစုပေါင်းလူဦးရေ(၃၀၀)ခန့်အတွက် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ရေဂါလံ (၃၂၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၇)၊ နောင်ပုန်ရွာတွင် စက်ရေတွင်းတူးဖော်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုမှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၇)၊ နောင်ပုန်ရွာတွင် ကျေးရွာရှိ ရေတွင်းသည် ရေခမ်းခြောက်သွားသဖြင့် စက်ရေတွင်း (၁) တွင်း တူးဖော်ပေးရန် ယင်းရွာမှ အိမ်အမှတ် (၁၃) နေ ဦးလဗျဲ့ဟောင်းဒေါင်၏ တင်ပြချက်အရ (၁၄-၅-၂၀၁၆) ရက်နေ့၊ (၁၁) နာရီအချိန်တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးက ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ အဆိုပါရေတွင်းဟောင်းကို ရပ်ရွာလူထု၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ၎င်းရေတွင်းဟောင်းထဲရှိရေကို အိမ်ထောင်စု (၂၀၀) မှ လူဦးရေ (၁၀၀၀) ကျော်သုံးစွဲနေရကြောင်း တင်ပြခဲ့ရာ … Read more
-
(၁၄.၅.၂၀၁၆)ရက်နေ့၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ မြိတ်ခရိုင်အတွင်း သောက်သုံးရေများဖြန့်ဝေ ပေးနေမှုသတင်း
(၁၄.၅.၂၀၁၆) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘွတ်ကျေးရွာအုပ်စု၊ သဘွတ်ကျေးရွာအတွင်း အိမ်ခြေ (၄၀၇) အိမ်၊ အိမ်ထောင်စု (၄၁၁) စုရှိ လူဦးရေစုစုပေါင်း (၂၁၁၅) ဦးအတွက် စုစုပေါင်းသောက်သုံးရေဂါလံ (၃၄၀၀) ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
