ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

18 19 20

 

(၁၃.၅.၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးဆောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုအတွင်းရှိ ချောင်းဝကျေးရွာတွင် မုန်တိုင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သမ္မဝတီရေတပ်စခန်းဌာနချုပ် ကမ်းထိုးရေယာဉ်မှ အရာရှိစစ်သည်များ၊ ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အခြားသောမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းဝကျေးရွာ၊ သပြေငူကျေးရွာ၊ ကျင်းကောကျေးရွာတို့မှ ကျေးရွာနေပြည်သူလူထုများ စုစုပေါင်း (၉၁၅) ဦး ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events