ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၇)၊ နောင်ပုန်ရွာတွင် စက်ရေတွင်းတူးဖော်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုမှုသတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၇)၊ နောင်ပုန်ရွာတွင် ကျေးရွာရှိ ရေတွင်းသည် ရေခမ်းခြောက်သွားသဖြင့် စက်ရေတွင်း (၁) တွင်း တူးဖော်ပေးရန် ယင်းရွာမှ အိမ်အမှတ် (၁၃) နေ ဦးလဗျဲ့ဟောင်းဒေါင်၏ တင်ပြချက်အရ (၁၄-၅-၂၀၁၆) ရက်နေ့၊ (၁၁) နာရီအချိန်တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးက ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ အဆိုပါရေတွင်းဟောင်းကို ရပ်ရွာလူထု၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ၎င်းရေတွင်းဟောင်းထဲရှိရေကို အိမ်ထောင်စု (၂၀၀) မှ လူဦးရေ (၁၀၀၀) ကျော်သုံးစွဲနေရကြောင်း တင်ပြခဲ့ရာ ပြည်နယ်ဦးစီးမှူးက ရပ်ရွာလူထု၏သဘောတူညီမှုဖြင့် မြေနေရာရွေးချယ်၍ ခန့်မှန်းကုန်ကျစရိတ်အား အမြန်ပေးပို့ရန် ညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events