ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့၌ (၉-၅-၂၀၁၆) ရက်နေ့နှင့် (၁၃-၅-၂၀၁၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၅) လုံး ပြိုကျခဲ့ပြီး အိမ်ခြေ (၈၀) အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျအိမ်ခြေ (၅) လုံးနှင့် အမိုးလန်အိမ်ခြေ (၈၀) အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၈၅၀၀၀၀) နှင့် ပြိုကျအိမ် (၃) အိမ်အတွက် မိသားစုသုံးအစုံ (၃) အိတ်တို့အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)