Author Archives: RRD
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) လူမှုအဖွဲ့အစည်းများကွန်ယက်ရုံး၌ “သဘာဝဘေးအန္တရာယ်များအပေါ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) လူမှုအဖွဲ့အစည်းများကွန်ယက်ရုံး၌ “သဘာဝဘေးအန္တရာယ်များအပေါ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို (၁၇-၅-၂၀၁၆) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်မှ (၁၆:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်မှ ဦးဆောင်ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ UN နှင့် INGOအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၆၃) … Read more
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တော်အန်း (၁) ကျေးရွာနှင့် ကတ်ဇင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
(၁၆-၅-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တော်အန်း (၁) ကျေးရွာနှင့် ကတ်ဇင်းကျေးရွာတို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၈) လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ (၁၂) လုံး အမိုးလန်ခဲ့သည့်အတွက် စက္ကူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ပြိုကျအိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် ပြိုကျအိမ်ခြေ (၈) လုံးအတွက် ငွေကျပ် (၄၀၀၀၀၀)၊ အမိုးလန်အိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အမိုးလန်အိမ်ခြေ (၁၂) လုံးအတွက် ငွေကျပ် (၂၄၀၀၀၀) တို့ကို (၁၇-၅-၂၀၁၆) … Read more
-
(၁၇-၅-၂၀၁၆ ) သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ဘူတာအပိုင်းအတွင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၆ ) ရက်နေ့တွင် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ဘူတာအပိုင်းအတွင်းသို့ သောက်သုံးရေလီတာ (၃၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁၇-၅-၂၀၁၆ ) လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ တရုတ်ကုန်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၆ ) ရက်နေ့တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ တရုတ်ကုန်းကျေးရွာ ရှိ အိမ်ခြေ (၆၁)အိမ်၊ အိမ်ထောင်စု (၆၁)စု၊လူဦးရေ(၃၃၀)တို့အတွက် သောက်သုံးရေ ဂါလံ (၁၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁၆-၅-၂၀၁၆ ) မြဝတီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ငှက်ပျောတော(၄)လမ်းနှင့် သစ္စာလမ်းရှိ ပြည်သူများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၆ ) ရက်နေ့တွင် မြဝတီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ငှက်ပျောတော(၄)လမ်းနှင့် သစ္စာလမ်းရှိ ပြည်သူများသို့ သောက်သုံးရေ ဂါလံ (၃၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ကျေးရွာအုပ်စု (၈) ရွာနေ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ရှိ ကျော်ရွာအုပ်စု၊ တပေါင်းအုပ်စု၊ ထူးပေါက်အုပ်စု၊ ဆူးလေကုန်းအုပ်စု၊ ဆင်အိုအုပ်စု၊ နတ်ရဲတောင်အုပ်စု၊ တပုန်းအုပ်စု၊ မိုးကောင်းအုပ်စုစသည့် ကျေးရွာအုပ်စု (၈) ရွာများတွင် (၁၅-၅-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ် (၃) လုံး၊ အမိုးလန် (၅၈) လုံးပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၆-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေး ပစ္စည်း (၅) မျိုးပါ (၆၁) အိမ်ထောင်စုစာ၊ ပြိုကျအိမ် (၃) … Read more
-
(၁၆-၅-၂၀၁၆ ) သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက် ၊ ကန်ညီနောင်အနောက်အပိုင်း သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၆ ) ရက်နေ့တွင် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက် ၊ ကန်ညီနောင်အနောက်အပိုင်း သို့ သောက်သုံးရေ လီတာ(၃၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁၇-၅-၂၀၁၆ ) စစ်တွေမြို့နယ်၊ ကန်ပြင်ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၆ ) ရက်နေ့တွင် စစ်တွေမြို့နယ် ၊ကန်ပြင်ကျေးရွာသို့ သောက်သုံးရေ ဂါလံ(၁၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခမ်းအထက်အခါရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခမ်းအထက် အခါရွာ၌ အိမ်ခြေ (၁၃၀)၊ လူဦးရေ (၈၀၀) ဦးအတွက် ရေဂါလံ (၂၂၅၀) အား သွားရောက်ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရှိ ရပါသည်။
-
(၁၆-၅-၂၀၁၆ ) သထုံမြို့နယ်၊ တောင်စွန်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၆ ) ရက်နေ့တွင် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ အိမ်ခြေ (၃၁၈)၊ အိမ်ထောင်စု(၃၅၀)၊ လူဦးရေ(၁၆၀၀)ဦးတို့အတွက် သောက်သုံးရေ ဂါလံ(၃၆၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
