(၁၆-၅-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တော်အန်း (၁) ကျေးရွာနှင့် ကတ်ဇင်းကျေးရွာတို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၈) လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ (၁၂) လုံး အမိုးလန်ခဲ့သည့်အတွက် စက္ကူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ပြိုကျအိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် ပြိုကျအိမ်ခြေ (၈) လုံးအတွက် ငွေကျပ် (၄၀၀၀၀၀)၊ အမိုးလန်အိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အမိုးလန်အိမ်ခြေ (၁၂) လုံးအတွက် ငွေကျပ် (၂၄၀၀၀၀) တို့ကို (၁၇-၅-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)