ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) လူမှုအဖွဲ့အစည်းများကွန်ယက်ရုံး၌ “သဘာဝဘေးအန္တရာယ်များအပေါ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

1 1.1 423

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) လူမှုအဖွဲ့အစည်းများကွန်ယက်ရုံး၌ “သဘာဝဘေးအန္တရာယ်များအပေါ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို (၁၇-၅-၂၀၁၆) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်မှ (၁၆:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်မှ ဦးဆောင်ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ UN နှင့် INGOအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၆၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events