စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ကျေးရွာအုပ်စု (၈) ရွာနေ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

2

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ရှိ ကျော်ရွာအုပ်စု၊ တပေါင်းအုပ်စု၊ ထူးပေါက်အုပ်စု၊ ဆူးလေကုန်းအုပ်စု၊ ဆင်အိုအုပ်စု၊ နတ်ရဲတောင်အုပ်စု၊ တပုန်းအုပ်စု၊ မိုးကောင်းအုပ်စုစသည့် ကျေးရွာအုပ်စု (၈) ရွာများတွင် (၁၅-၅-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ် (၃) လုံး၊ အမိုးလန် (၅၈) လုံးပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၁၆-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေး ပစ္စည်း (၅) မျိုးပါ (၆၁) အိမ်ထောင်စုစာ၊ ပြိုကျအိမ် (၃) လုံးအတွက် (၁) သိန်းခွဲနှင့် အမိုးလန်အိမ် (၅၈) လုံးအတွက် (၂၀၀၀၀/-) နှုန်းအား ဇီးဖြူကုန်းရွာမှတစ်ဆင့် သွားရောက်ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events