Author Archives: RRD
-
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့၊ ကနက်သီရိကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲနှင့် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်မှုသတင်း
(၂၈-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကနက်သီရိကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲနှင့် မုန်တိုင်းဇာတ်တိုက်အကြိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ လူဦးရေ (၅၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး (၂၉-၅-၂၀၁၆) ရက်နေ့တွင် သရက်ချောင်းမြို့၊ ကနက်သီရိကျေးရွာရှိ အိမ်ခြေ (၃၂၆)၊ အိမ်ထောင်စု (၄၀၉) စုမှ လူဦးရေ( ၆၃၀) ဦးနှင့် ဌာနဆိုင်ရာမှ လူဦးရေ (၇၀) ပါဝင်လျက် မုန်တိုင်း ဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၊ ညောင်လမ်းကျေးရွာ မြေပြိုဘေးသင့်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၊ ညောင်လမ်းကျေးရွာ တွင်မြေပြိုဘေးဖြစ်ပွားခဲ့ရာနေအိမ် (၁)လုံးပြိုကျပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှလူကြီး(၂) ဦး၊ ကလေး(၁)ဦးဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်၊၊ အဆိုပါ ဘေးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးနှင့်ထောက်ပံ့ငွေ(၅၂၇၀၀/-)ကျပ်အား (၂၉-၅-၂၀၁၆)ရက်နေ့တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ကချင်စံပြရွာတွင်( ၂၉. ၅ .၂၀၁၆)ရက်နေ့၌သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု ( ၁၀၅)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးဝန်ထမ်းများနှင့်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ၊ ဆင်ဘိုမြို့နယ်၊ မြင်သာကျေးရွာတွင်( ၂၇. ၅ .၂၀၁၆)ရက်နေ့ (၁၆:၃၀)အချိန်တွင် လည်းကောင်း၊ ရေနားပင်လုံကျေးရွာတွင်(၁၇:၃၀) အချိန်တွင် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဦးစီးမှူး မှ သဘာဝဘေးအန္တဆိုင်ရာ ဆောင်ရန် ရှောင်ရန်အချက်များကို လက်ကမ်း စာစောင်များဖြင့်ဟောပြောခဲ့ရာ တစ်ရွာလျှင်ရပ်ရွာလူထု ( ၈၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွါးသင်တန်းဆင်းပွဲအောင်မြင်စွာ ပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက်(၁၀၀)စီမံချက်လုပ်ငန်းစဉ်အရရှမ်းပြည်နယ်(တောင်ပိုင်း)၊ရွာငံမြို့နယ်တွင်သဘာဝဘေးလျော့ပါးရေးစေတန့ာဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၁၆)အား(၂၅-၅-၂၀၁၆)ရက်နေ့မှစ၍ဖွင့်လှစ်ခဲ့ရာ(၂၇-၅-၂၀၁၆)ရက်နေ့(၁၅းဝ၀)ချိန်တွင်သင်တန်းသား(၃၁)ဦးဖြင့်သင်တန်းဆင်းပွဲအားအောင်မြင်စွာကျင်းပပြီးစီးခဲ့ဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာတွင် (၂၃-၅-၂၀၁၆)ရက်နေ့ ဖြစ်ပွားသော မြေစာပုံပြိုမှုကြောင့် သေဆုံးခဲ့သူများ အတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာတွင် (၂၃-၅-၂၀၁၆)ရက်နေ့ ဖြစ်ပွားသော မြေစာပုံပြိုမှုကြောင့် သေဆုံးခဲ့သူများ အတွက် ထောက်ပံ့မှုအခမ်းအနားအား ( ၂၇-၅-၂၀၁၆) ရက်နေ့ (၁ဝးဝ၀)နာရီ အချိန်၌ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ငွေ (၁) ဦးလျှင်(၁) သိန်းနှုန်းဖြင့် (၁၂) ဦးအတွက် (၁၂ )သိန်း ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွါးသင်တန်းဆင်းပွဲအောင်မြင်စွာ ပြီးစီးမှုသတင်း
(၂၅.၅.၂၀၁၆)ရက်နေ့ မှ(၂၇-၅-၂၀၁၆)ရက်နေ့ထိ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအားသင်တန်းသား/သူ (၃၀)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီးအောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွါးသင်တန်းဆင်းပွဲအောင်မြင် စွာပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ရက်(၁၀၀) စီမံချက်အရဆောင်ရွက်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွါးသင်တန်းကို မကွေးမြို့၊ အ.ထ.က(၁)သရဖီခန်းမတွင်(၂၅.၅.၂၀၁၆)ရက်နေ့တွင်ဖွင့်လှစ်ခဲ့ရာ(၂၇.၅.၂၀၁၆)ရက် နေ့(၁၆းဝ၀)နာရီအချိန်တွင်သင်တန်းအောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မင်းလှမြို့နယ်လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တွင် (၁၆.၅.၂၀၁၆)ရက်နေ့တွင်လေပြင်းတိုက်ခတ်ရာလူနေအိမ်(၁၂၉)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်၊၊ အဆိုပါ ပျက်စီးခဲ့သည့်အမိုးလန်အိမ်(၁၂၉)လုံးအတွက်ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုးနှင့်အိမ်ဆောက်ပစ္စ ည်းဖိုး(၂၅၈၀၀၀၀)ကျပ်အားမြို့နယ်အုပ်ချုပ် ရေးမှူးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၆) ရက်နေ့တွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ကျေးရွာအတွင်းရှိ ကျေးရွာသူ/သားများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်မှုများ၊ မိုးကြိုးဘေးအတွက် ရှောင်ရန်/ဆောင်ရန်များ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
