ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၊ ညောင်လမ်းကျေးရွာ တွင်မြေပြိုဘေးဖြစ်ပွားခဲ့ရာနေအိမ် (၁)လုံးပြိုကျပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှလူကြီး(၂) ဦး၊ ကလေး(၁)ဦးဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်၊၊ အဆိုပါ ဘေးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးနှင့်ထောက်ပံ့ငွေ(၅၂၇၀၀/-)ကျပ်အား (၂၉-၅-၂၀၁၆)ရက်နေ့တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။