မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

15ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၆) ရက်နေ့တွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ကျေးရွာအတွင်းရှိ ကျေးရွာသူ/သားများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်မှုများ၊ မိုးကြိုးဘေးအတွက် ရှောင်ရန်/ဆောင်ရန်များ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events