Author Archives: Aye Kyimann
-
Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ငဝန်ရပ်ကွက်၊ မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝ ဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
IDPs စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ထုံးအိတ်များထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၈.၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ IDP စခန်း (၆)ခုအတွက် စခန်း(၁)ခုလျှင် ထုံးအိတ် (၁၀) အိတ်နှုန်းဖြင့် စုစုပေါင်းထုံးအိတ် (၆၀) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ တိုးချဲ့ရပ်ကွက်နှင့် ခရိုက်သစ် ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စကားဝိုင်း ဆွေးနွေးပွဲကျင်းပမှုသတင်း
ဩဂုတ် ၁၁ ၊ နေပြည်တော် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်း အနားနှင့် လူငယ်တို့၏ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ် အခမ်းအနားဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များနှင့် … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ သရက်တော ကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ သင်္ကန်းငူကျေးရွာ၊ ပန်းပင်ဆိပ်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာ ပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀)ရက်နေ့(၂၂:၃၀)နာရီ အချိန်ခန့်၌ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ကဒါရပ်ကွက်နှင့် ပေါင်းရပ်ကွက်တို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြီးအမိုးလန်ခဲ့သည့် လူနေအိမ် (၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၆၃,၀၀ဝ/-)ကျပ်နှင့်လူဦးရေ (၁၆၀)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၉၉,၀၀ဝ/-) ကျပ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊ ပေါင်မြို့နယ် အမျိုးသား လွတ်တော်ကိုယ်စားလှယ်၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူး၊ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၁-၈-၂၀၂၀) ရက်နေ့ … Read more
-
Covid-19 ကူးစက်ရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော် မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုရှိ ညောင်ပင်သာကျေးရွာ၊ ဘဝိုင်းကျေးရွာ၊ စာဖြူစုကျေးရွာ၊ ဥတိုကျေးရွာနှင့် အကယ်ချောင်း ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိ ပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်၌ (၉-၈-၂၀၂၀) ရက်နေ့၊ (၁၄:၂၅) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀,၀ဝ/-)ကျပ်၊ ဆန်ရိက္ခဖိုးငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀/-)ကျပ်တို့ကို (၁၀-၈-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_aug2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်တစ်ကျေး ရွာတွင် (၀၈:၀၀) နာရီ၌လည်းကောင်း၊ တယ်ပင်နှစ်ကျေးရွာတွင် (၀၈:၃၀)နာရီ၌လည်းကောင်း၊ တယ်ပင်သုံးကျေးရွာတွင် (၀၉:၀၀) နာရီ၌လည်းကောင်း၊ သကံဝကျေးရွာတွင် (၀၉:၃၀)နာရီ၌ လည်းကောင်း၊ ဓနုံးချောင်းကျေးရွာတွင် (၁၀:၀၀)နာရီ၌ လည်းကောင်း၊ အောင်မင်္ဂလာကျေးရွာတွင် (၁၀:၃၀)နာရီ၌ လည်းကောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို အားပေး ထောက်ပံ့ခြင်းနှင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အကျိုးခံစားခွင့်များ ရှင်းလင်းမှုသတင်း
ဩဂုတ် ၁၀ ၊ အမ်းမြို့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို အားပေးထောက်ပံ့ခြင်းနှင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အကျိုးခံစားခွင့်များရှင်းလင်းခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြ ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့နယ်အတွင်း … Read more
