Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀)ရက် နေ့‌(၀၉:၃၀)နာရီအချိန်မှစ၍ ညောင်ပင်တဲကျေးရွာအုပ်စု၊ ညောင်ပင်ကြီးစုကျေးရွာ၊ ကံကြိုးကျေးရွာ၊‌ ရှောက်ခုံကျေးရွာ၊‌ ကြီး‌တောငူကျေးရွာ၊ တာ‌ချောင်ကျေးရွာ၊ စားကျက်ကုန်း ကျေးရွာ၊‌အုန်းပင်စုကျေးရွာနှင့် ညောင်ပင်တဲကျေးရွာများတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်း မဖြစ်စေရန်အသိ ပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွား တတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များဝေငှဖြန့်ဝေခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#ayy_aug2020

Source:  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events