Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၁-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာလိပ်ကျေးရွာအုပ်စုအတွင်းရှိ အနန်း ချောင်းကျေးရွာ၊ ဖျာလိပ်ကလေးကျေးရွာ၊ လကျ်ာကွဲရေချမ်းစုကျေးရွာ၊ ဖျာလိပ်ကျွန်းချောင်းကျေးရွာ၊ ကနစိုချောင်းကျေးရွာနှင့် ဖျာလိပ်ချောင်းဖျားကျေးရွာတို့အတွင်း Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူများသိရှိ လိုက်နာ ရန်အချက်များအားကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင် ဝေငှခြင်းများကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လည်၍ Hand Speaker၊ Loud Speaker များဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source:  မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events