ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၌ ၂၀၂၀ ခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ချင်းတွင်းမြစ်ကမ်း ဘေးဝဲယာနှင့် မြေနိမ့်ပိုင်းနေရာများသို့ ရေ၀င်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် ခန္တီးမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၂)ခုနှင့် ကျေးရွာ (၉) ရွာမှ စုစုပေါင်းအိမ်ထောင်စု (၂၇၂) စု၊ လူဦးရေ (၁၃၃၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂,၈၀၃,၅၀ဝ/-) ကျပ်၊ ဆပ်ပြာ(၂၇၂)တောင့်နှင့် နှာခေါင်းစည်း(၁၃၃၅)ခုတို့အား (၂၀-၈-၂၀၂၀) ရက်နေ့၊ (၁၂:၃၇) နာရီမှ (၁၃:၂၄)နာရီအချိန်ထိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ သက်ဆိုင်ရာကျေးရွာစာရေး များထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ မြို့မရပ်ကွက်မှ ထပ်တိုးအိမ်ထောင်စုများအတွက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#sgg_aug2020

Source:  ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events