Author Archives: Aye Kyimann

  • COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့​ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၁၁) ရက်ကွက်တို့၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့် စပ်လျဉ်း၍ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source:     ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊‌ ဆိုက်ခေါင်ကျးရွာ၊ ကောင်းမှုတန်ကျေးရွာနှင့် တန့်ဆိုင်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source:     မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ တံခွန်တိုင်ကျေးရွာ ခလယ်ကျေးရွာ ဘုရားငါးဆူးကျေးရွာများ၌ COVID-19 ကူးစက်မြန် အဆုတ်​ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်​​သော သဘာဝ ​​ ဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေး​ ပြီး လက်ကမ်းစာ​စောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2020 Source:     ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး … Read more

  • COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက် (ရန်ကျော်ရပ်၊ ရန်မျိုးလုံရပ်၊ ရန်ကင်းရပ်၊ ရန်မျိုးနိုင်ရပ်) တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွား စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ အား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source:       မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ (ကုလားမချောင်း၊ အောက်ဒေါင့်ကြီးနှင့် အထက်ကဇင်းတော)ကျေးရွာနှင့် တူးချောင်းကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာတို့၌ (၇-၉-၂၀၂၀)ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ(၇၈)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၉၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ (၁၆၃၈၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၂၀၆၃၈၀၀/-)ကျပ် အား (၉-၉-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်နှင့် (၁၄:၀၀)နာရီအချိန်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် … Read more

  • မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်မှုသတင်း

    စက်တင်ဘာ ၉၊ နေပြည်တော်  မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစု ရေးဌာနအဆောက်အဦကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အထောက် အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် … Read more

  • COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၉.၂၀၂၀) ရက်နေ့ ညနေ (၁၈:၀၀)နာရီအချိန်မှ (၂၁:၀၀)နာရီအချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့်အမှတ် (၁/၂/၃/၄/၅/၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source:    ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ မင်းပြင်ကျေးရွာအုပ်စု၊ မင်းပြင်အထက်ကျေးရွာ၊ မင်းပြင်အောက်ကျေးရွာ၊ မင်းပြင်အလယ်ခုံကျေးရွာ၊ ​မြင်းဇောင်ကျေးရွာ၊ အောင်မြေယာကျေးရွာနှင့် လယ်မကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊‌‌ ကျွန်းကြီးကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့ ကမ်းပြိုမှု‌ကြောင့် မျောပါပျက်စီးခဲ့သော အိမ်ခြေဝါးအိမ်(၁)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀/-)ကျပ်၊ ကယ်ဆယ်‌ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအတွက် တန်ဖိုး(၃၄၇၅၃/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၁၄၇၃၅၃/-)ကျပ်ကို (၄-၉- ၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီ အချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2020 … Read more

Sign Up

Upcoming Events