လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာစခန်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ စခန်းစီမံခန့်ခွဲမှုကော်မတီ ဝင်များနှင့်ပူးပေါင်း၍ COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀ဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ စစ်တွေမြို့နယ်ရှိ အုန်းတောချေ၊ မော်သီညာနှင့် ဆေးသမားကြီးစခန်း (၃)ခုမှ အိမ်ထောင်စု (၃၁၈၃)စု၊ လူဦးရေ (၂၀၃၅၃)ဦးတို့အတွက် ထောက်ပံ့ငွေ (၁၂၇,၃၂၀,၀ဝဝ/-)ကျပ် (ကျပ်တစ်ထောင်နှစ်ရာခုနစ်ဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကို (၃၀-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#otr
#rke_sep2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)