Author Archives: Aye Kyimann
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လားရှိုးမြို့နယ်အား Stay at Home ကြေငြာချိန်မှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၂၄.၇.၂၀၂၁)ရက်နေ့၌ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန် အများပြည်သူသွားလာအသုံးပြုသော လမ်းများ ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာ ပေးစာသား များအား ရှမ်း၊ လားဟူဘာသာတို့ဖြင့်ဖတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================ “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (ဩရိဿမြောက်ပိုင်း ကမ်းလွန်- အနောက်ဘင်္ဂလားကမ်းခြေ)တွင် ဆက်လက်တည်ရှိနေပါသည်။”
-
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၁)
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================= (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၂၅.၇.၂၀၂၁)မှ (၂၈.၇.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ (၀၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ —————————————————– ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၂၁)ရက်နေ့တွင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ အဖွဲ့(၁)မှ စဝ်စံထွန်းစျေး၊ ရဲဘော် ဈေးနှင့် Ocean Center တို့တွင် လည်းကောင်း၊ အဖွဲ့(၂)မှ မြို့မဈေး၊ ဘူတာဈေးနှင့် အမှတ်(၅)ဈေးတို့တွင် Covid-19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံမှု ပိုမိုမဖြစ်ပွားစေရန်အတွက်ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့ စက်ဖြင် နှိုးဆော်ခြင်း၊ Covid-19 ရောဂါအသိပညာပေးလက်ကမ်း စာစောင်နှင့် တစ်ခါသုံး Mask (၃၀၀၀) ခု ဝေငှခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက် အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန (EOC) အဆောက်အအုံတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနရဲ့မူဝါဒဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် တံတားဦးမြို့နယ်များရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် သာဂေါင်ရပ်၊ တောင်ရပ်၊ ဘူတာရပ်၊ ကွက်သစ်ရပ်၊ စိတ္တရမဟိရပ်၊ အိမ်သစ်တန်း၊ နီပါးတန်း၊ ရေလည်၊ ဘုံကုန်း၊ ပုဏ္ဏားကုန်း၊ တစီးရှင်၊ လွှစဉ်တန်း၊ တဲတော်ရာ၊ မကျီးတောနှင့် နွားကျော်ထ စုစုပေါင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၁၅) ရွာသို့ (၈-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးဆက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၇.၂၀၂၁) ရက်နေ့ နံနက်ပိုင်း၌ လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရပ်ကွက် (၁) ၊ နယ်မြေ (၈) တွင် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များပေးဝေခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန် တိုင်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၇.၂၀၂၁) ရက်နေ့ နံနက်ပိုင်း၌ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန်ရည်ရွယ်၍ ရပ်ကွက် (၁) ၊ နယ်မြေ (၂) တို့တွင် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များဝေငှပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လားရှိုးမြို့နယ်အား Stay at Home ကြေငြာ ချိန်မှစ၍ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင်ကာကွယ် နိုင်ရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသော လမ်းများ၊ ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာသားများအား ဖတ်ကြား ခြင်းများကို (၄-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် … Read more
