Author Archives: Aye Kyimann
-
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီး ဌာနလက်အောက် ဦးစီးဌာန (၃) ခုမှ ဝန်ထမ်းများအား တွေ့ဆုံခြင်းနှင့် ဌာနများအား စစ်ဆေးမှုသတင်း
၇-၄-၂၀၂၁ ၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (၇-၄-၂၀၂၁) ရက် နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ သွားရောက်၍ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေ သည့် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်)၏ သိုလှောင်ရုံများအား ကွင်းဆင်း စစ်ဆေး၍ ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ သိုလှောင် ထုတ်ပေးရေး … Read more
-
မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က)မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ ထားဝယ်မြို့(Dawei)၏ အနောက်တောင်ဘက် ရေမိုင်(၂၁၅)မိုင်ခန့်၊ ကိုကိုးကွျန်းမြို့(Coco Island)၏ အရှေ့တောင်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်နှင့် ရန်ကုန်မြို့(Yangon)၏ တောင်ဘက် ရေမိုင် (၃၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားနိုင်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ (ခ)မုန်တိုင်းငယ်၏တည်နေရာ၊ … Read more
-
” နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၃/၂၀၂၁)”
၂၀၂၁ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ထုတ်ပြန်ချက် “မြန်မာနိုင်ငံအရပ်ရပ်တွင်နွေကာလဖြစ်သည့်ဧပြီလအတွင်းနေ့အပူချိန်များ တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း ၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။” အကြံပြုချက် သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်နွေကာလဖြစ်သည့်ဧပြီလအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြုနေထိုင် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၁ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက် =================================== လေဖိအားနည်းရပ်ဝန်းအခြေအနေ ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် ၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် (၂.၄.၂၀၂၁)ရက် နေ့မှ(၅.၄.၂၀၂၁)ရက်နေ့ အတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ========================================= လေဖိအားနည်းရပ်ဝန်းအခြေအနေ ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၃၆)နာရီအတွင်း ကပ္ပလီပင်လယ် ပြင်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
မတ် ၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင် လျက်ရှိသော လူမှုအသိုက်အဝန်းအားလုံး အကျိုးဖြစ်ထွန်း စေရေးအတွက် အစိုးရအဆက်ဆက် ဖြေရှင်း ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပိုင်ကမာကျေးရွာနှင့် ကျိုက်ရွဲကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက် ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာအစည်းအဝေးကျင်းပမှုသတင်း
၃ မတ်လ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ယင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်အား တာဝန်ခန့်ထားခံရမှုအတွက် ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာနနှင့် ပတ်သက် ၍ ကျွမ်းကျင်သူဖြစ်သည့်အတွက်ဌာန ကောင်းကျိုးအတွက်ပိုမိုဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ ဒုတိယ ဝန်ကြီးက မိမိအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနတွင် … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့၊ ဘေးမဲ့ရပ်ကွက်၊ အေးကုန်းရပ်တွင် (၂.၃.၂၀၂၁)ရက်နေ့တွင် မီးကြွင်း မီးကျန်မှတဆင့် (၃x၃) ပင် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုး(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ (၃.၃.၂၀၂၁)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_mar2021 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၂၁)ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ ကြိုးဝိုင်းကျေးရွာရှိ ကြိုးဝိုင်းဘုန်းတော်ကြီးကျောင်းဆောင် (၁)ဆောင် မီးဘေးသင့်မှုကြောင့် ဘုန်းတော်ကြီး ကျောင်းဆောင် (၁)ဆောင် အတွက် အိမ်ဆာက်ပစ္စည်း (၃၀၀,၀၀၀/-)ကျပ်အား (၁-၃-၂၀၂၁) ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် ကြိုးဝိုင်း ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကြိုးဝိုင်းဘုန်းတော်ကြီးကျောင်း ဂေါပကတို့ထံ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_mar2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
