လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် တံတားဦးမြို့နယ်များရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် သာဂေါင်ရပ်၊ တောင်ရပ်၊ ဘူတာရပ်၊ ကွက်သစ်ရပ်၊ စိတ္တရမဟိရပ်၊ အိမ်သစ်တန်း၊ နီပါးတန်း၊ ရေလည်၊ ဘုံကုန်း၊ ပုဏ္ဏားကုန်း၊ တစီးရှင်၊ လွှစဉ်တန်း၊ တဲတော်ရာ၊ မကျီးတောနှင့် နွားကျော်ထ စုစုပေါင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၁၅) ရွာသို့ (၈-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးဆက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_jul2021
Source: တံတားဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)