ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လားရှိုးမြို့နယ်အား Stay at Home ကြေငြာချိန်မှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၂၄.၇.၂၀၂၁)ရက်နေ့၌ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန် အများပြည်သူသွားလာအသုံးပြုသော လမ်းများ ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာ ပေးစာသား များအား ရှမ်း၊ လားဟူဘာသာတို့ဖြင့်ဖတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2021
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)