Author Archives: Aye Kyimann

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၈/၂၀၂၂)

    (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ  (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၂၆.၂.၂၀၂၂)ရက်နေ့မှ (၂၈.၂.၂၀၂၂)ရက်နေ့အတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်း ခြင်း၊ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ် (၂) ရပ်ကွက်တွင် (၁၉-၂-၂၀၂၂)ရက်နေ့၊ (၂၀း၂၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး တို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေကျပ် (၄၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ဖို့အိမ်ထောင်စု (၁)စုအတွက် … Read more

  • ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ကိုဗစ်-၁၉နှင့် ဗီဇပြောင်း (အိုမီခရွန်)နှင့် ပတ်သက်၍ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၂၂) ရက်နေ့၌ လားရှိုးခရိုင်ဦးစီးမှူးရုံး အနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန တို့ဖြင့် ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများအား ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်မီးသတ်ဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် ငလျင်ဘေးအသိ ပညာပေးဟောပြောခြင်းအား လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ  နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း အားလည်းကောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူလေ့ကျင့်ခြင်း များကို  ဆောင်ရွက်ခဲ့ကြောင်း၊ … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ် ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၂.၂၀၂၂) ရက်နေ့တွင် ရေကြည် မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်း ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းလူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၂၆၀၀/-)ကျပ် အထောက်အကူပြုပစ္စည်း Mask (၁၂) ခု၊ စုစုပေါင်းရန်ပုံငွေ (၂၁၂၆၀ဝ/-) ကျပ်အား (၂၃-၂-၂၀၂၂) ရက်နေ့ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ မြို့သစ်(ဂ) ရပ်ကွက်၊ ပိတောက်လမ်းတွင် (၁၂-၂-၂၀၂၂) ရက်နေ့၊ (၁၁း၃၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓနိမိုး/ဓနိကာ ကျူးကျော်နေအိမ် (၂၀)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၇၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့်  လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၅၁၂၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂၀)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အိမ်ထောင်စု (၂၀)စုအတွက် ဆပ်ပြာ (၂၀)တောင့်၊ လူဦးရေ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌အ‌ရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၂) ရက်နေ့၊ (၀၁:၄‌၉) နာရီအချိန်တွင်  ဖြစ်ပွားသော ရန်ကုန်‌အ‌ရှေ့ပိုင်း ခရိုင်၊‌ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၊ မင်းဘူးလမ်း၌ မီးလောင် ကျွမ်းမှု‌ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်၊  လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၈၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀ဝ/-) ကျပ်အား (၄-၂-၂၀၂၂) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင်‌‌ ‌ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် … Read more

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင် မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၄.၂.၂၀၂၂) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် တွင် ဖောင်းပြင်မြို့၊ မြို့မစည်ပင်သာယာ ဈေး၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ Covid-19 ဗီဇပြောင်းမျိုးကွဲ Omicron ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb_2022 Source:   ဖောင်းပြင်မြို့နယ်ဦးစီးမှူး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်​၊ မဲ့​ထော်​သ​လေး​ကျေးရွာအုပ်​စု၊​ မေတ္တာလင်းမြိုင်​ကျေးရွာနှင့်​ ဖလူး​ကျေးရွာအုပ်​စု၊ အင်​ကြင်းမြိုင်​ကျေးရွာတို့မှ မြဝတီမြို့၊ အမှတ်​(၄)ရပ်​ကွက်​၊​ ကျောက်​လုံးကြီးဘုန်း​တော်​ကြီး​ကျောင်းနှင့် ​မဟာစည်​ဘုန်း​တော်​ကြီး​ကျောင်းများသို့ တိုက်​ပွဲ​ရှောင်​ရောက်​ရှိလာ​သော အိမ်​ထောင်​စု (၂၇)စုမှ ကျား (၅၆)ဦး၊ မ(၉၆)ဦး စုစု​ပေါင်းလူဦး​ရေ (၁၅၂)ဦး အတွက် ​(၇)ရက်​စာ ဆန်​ဘိုး​ထောက်​ပံ့​ငွေ (၃၁၉၂၀၀/-)ကျပ်​နှင့်​ Mask များအား မြဝတီခရိုင်​စီမံအုပ်​ချုပ်​ရေးအဖွဲ့တာဝန်​ရှိသူများ နှင့်​အတူ (၂၇-၁၂-၂၀၂၁) ရက်​နေ့ (၁၃:၃၀) နာရီအချိန်​တွင်​ သွား​ရောက်​ထောက်​ပံ့ပေးခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #otr #krn_dec_2021 Source:   မြဝတီခရိုင်ဦးစီးမှူး … Read more

  • မြေငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် (၁၅-၁၂-၂၀၂၁)ရက်နေ့မှ (၁၇-၁၂-၂၀၂၁) ရက်နေ့ထိ ကျင်းပပြုလုပ် သည့် “မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း” ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ စုစုပေါင်းအင်အား (၁၀၀) ဦးဖြင့် ပူပေါင်းဆောင်ရွက်ခဲ့ပြီး အစား အသောက်နှင့် သောက်ရေသန့်များဖြင့် ကျွေးမွေးဧည်ခံခြင်း၊ ဘေး(၉) မျိုး လက်ကမ်းစာစောင်၊ ဗီနိုင်းပိုစတာ၊ First … Read more

  • စက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေလှောင်ကန်တည်ဆောက်ခြင်းအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်း ကျေးရွာနှင့် ပဒေသာကျွန်းကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်း နှင့် ဂါလန် (၁၂၀၀) ဆံ့ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်းအတွက် ရန်ပုံငွေ (၁၀,၉၁၉,၆၈၆/-) ကျပ်အား (၁၃-၁၂-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #mgy_dec_2021 Source:  မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events