တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်​၊ မဲ့​ထော်​သ​လေး​ကျေးရွာအုပ်​စု၊​ မေတ္တာလင်းမြိုင်​ကျေးရွာနှင့်​ ဖလူး​ကျေးရွာအုပ်​စု၊ အင်​ကြင်းမြိုင်​ကျေးရွာတို့မှ မြဝတီမြို့၊ အမှတ်​(၄)ရပ်​ကွက်​၊​ ကျောက်​လုံးကြီးဘုန်း​တော်​ကြီး​ကျောင်းနှင့် ​မဟာစည်​ဘုန်း​တော်​ကြီး​ကျောင်းများသို့ တိုက်​ပွဲ​ရှောင်​ရောက်​ရှိလာ​သော အိမ်​ထောင်​စု (၂၇)စုမှ ကျား (၅၆)ဦး၊ မ(၉၆)ဦး စုစု​ပေါင်းလူဦး​ရေ (၁၅၂)ဦး အတွက် ​(၇)ရက်​စာ ဆန်​ဘိုး​ထောက်​ပံ့​ငွေ (၃၁၉၂၀၀/-)ကျပ်​နှင့်​ Mask များအား မြဝတီခရိုင်​စီမံအုပ်​ချုပ်​ရေးအဖွဲ့တာဝန်​ရှိသူများ နှင့်​အတူ (၂၇-၁၂-၂၀၂၁) ရက်​နေ့ (၁၃:၃၀) နာရီအချိန်​တွင်​ သွား​ရောက်​ထောက်​ပံ့ပေးခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

#otr
#krn_dec_2021

Source:   မြဝတီခရိုင်ဦးစီးမှူး (ဘစမ)

Sign Up

Upcoming Events