လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် (၁၅-၁၂-၂၀၂၁)ရက်နေ့မှ (၁၇-၁၂-၂၀၂၁) ရက်နေ့ထိ ကျင်းပပြုလုပ် သည့် “မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း” ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ စုစုပေါင်းအင်အား (၁၀၀) ဦးဖြင့် ပူပေါင်းဆောင်ရွက်ခဲ့ပြီး အစား အသောက်နှင့် သောက်ရေသန့်များဖြင့် ကျွေးမွေးဧည်ခံခြင်း၊ ဘေး(၉) မျိုး လက်ကမ်းစာစောင်၊ ဗီနိုင်းပိုစတာ၊ First Aid Kit (၁၈) ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#simex_eqk
#ygn_dec_2021
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)