Author Archives: Aye Kyimann
-
လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ကျောက်ပုံတောင်ကျေးရွာ၊ မြောက်ဘက် (၅) ဖာလုံခန့်အကွာ ရာဘာခြံ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉.၁.၂၀၂၃) ရက်နေ့တွင် လှည်းကူး ခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ကျောက်ပုံတောင်ကျေးရွာ၏ မြောက်ဘက်(၅) ဖာလုံခန့်အကွာ ရာဘာခြံ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၃-၂-၂၀၂၃)ရက်နေ့တွင် လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #otr #yan_feb_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၃)ရက်နေ့ (၀၅း၁၀)နာရီအချိန်ခန့်၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ (၄၂၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၄၂၀၀၀/-)ကျပ်နှင့် Family Kits (၄)ပုံး၊ လူ(၁)ဦးလျှင်အဝတ် (Mask)(၂)ခုနှုန်းဖြင့် လူ(၂၀)ဦးအတွက် အဝတ်(Mask) (၄၀)ခုတို့အား ကသာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁-၂-၂၀၂၃) ရက်နေ့၊ (၁၆:၁၇)နာရီအချိန်တွင် ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း … Read more
-
မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးစက်ရုံ မီးလောင်မှုူကြောင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့ဆေးရုံကြီးများမှ တာဝန်ရှိ သူများသည် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ် ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံ၌ (၁၃.၁.၂၀၂၃)ရက်နေ့ (၁၅:၃၀)အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်စဥ် ဒဏ်ရာရရှိ၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၁၇) ဦးအား (၁၄:၃၀) နာရီအချိန်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၂)ဦးအား (၁၅:၄၀)နာရီအချိန်၊ (၁၄-၁-၂၀၂၃)ရက်နေ့တွင် ဒဏ်ရာရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jan_2023 … Read more
-
လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲလေးကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ တပ်မတော်သားများနှင့်အတူ ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲလေး ကျေးရွာ၌ ဌာနဆိုင်ရာမှတာဝန်ရှိသူ (၄၀) ဦး၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသား/သူ၊ ကျေးရွာပြည်သူ စုစုပေါင်း (၃၀၀) ဦးတို့ဖြင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း တို့ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #ayy_jan_2023 Source: … Read more
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ထန်းပင်ချောင်ကြီးလမ်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနတွင် ပေါင်မြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ်ထားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၁-၂၀၂၃) ရက်နေ့၊ (၀၉း၄၅)နာရီအချိန်မှ (၁၀း၃၅)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ထန်းပင်ချောင်ကြီးလမ်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရှိ အခန်းလွတ် (၁) ခန်းတွင် ပေါင်မြို့နယ်ဦးစီးမှူးရုံးသစ်အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်စုစုပေါင်း (၄၅) ဦးနှင့်အတူ ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_jan_2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာ (GQ-179232)၌ မီးဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်း ကျေးရွာ (GQ-179232)၌ (၃-၁-၂၀၂၃) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ် (၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၇၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၅)စုမှ စုစုပေါင်းလူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၃၇၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၃၇၈၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၈)မျိုးပါ (၅)အိမ်ထောင်စာ(၂၄၅၁၈၀/-)ကျပ်အား (၄-၁-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ … Read more
-
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ မဲဇလီချောင်းကျေးရွာ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ ခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ မဲဇလီချောင်းကျေးရွာတွင် (၂-၁၂-၂၀၂၂) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား (၅-၁၂-၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ ဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_dec_2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၂)ရက်နေ့ (၀၃း၄၅)နာရီအချိန်ခန့်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ တွင် အိပ်ယာဘေးတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ခဲ့ရာမှတစ်ဆင့် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၈)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၆၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၃၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၆၆၃၀၀၀/-)ကျပ်အားလည်းကောင်း၊ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၁၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၆၃၀၀၀/-) ကျပ်အား လည်းကောင်း ကယ်ဆယ်ရေးပစ္စည်း … Read more
-
ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘောလုံးကွင်းအရှေ့၊ ဈေးအနီး၌ မီးဘေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကညှော်ကျေးရွာ၊ ဘောလုံးကွင်းအရှေ့၊ ဈေးအနီးတွင် စိုက်ထူးထားသော အလျား (၉) ပေ၊ အနံ (၆) ပေရှိ ရေဘေးအသိပညာပေးဗီနိုင်းပိုစတာ အစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား (၁၀-၁၁-၂၀၂၂) ရက်နေ့တွင် ပြောင်းလဲစိုက်ထူပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov_2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၂၂) ရက်နေ့ နံနက် (၁၂း၁၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်တွင် ဝါယာကြိုးမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ဖိုးငွေ (၃၀၀၀၀ဝ/-)ကျပ်အား (၈-၁၁-၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_nov_2022 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
