လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်း ကျေးရွာ (GQ-179232)၌ (၃-၁-၂၀၂၃) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ် (၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၇၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၅)စုမှ စုစုပေါင်းလူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၃၇၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၃၇၈၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၈)မျိုးပါ (၅)အိမ်ထောင်စာ(၂၄၅၁၈၀/-)ကျပ်အား (၄-၁-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_jan_2023
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)