မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊‌ လိပ္ပုတ်‌ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးစက်ရုံ မီးလောင်မှုူကြောင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့ဆေးရုံကြီးများမှ တာဝန်ရှိ သူများသည် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊‌ လိပ္ပုတ်‌ ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံ၌ (၁၃.၁.၂၀၂၃)ရက်နေ့ (၁၅:၃၀)အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်စဥ် ဒဏ်ရာရရှိ၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၁၇) ဦးအား (၁၄:၃၀) နာရီအချိန်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၂)ဦးအား (၁၅:၄၀)နာရီအချိန်၊ (၁၄-၁-၂၀၂၃)ရက်နေ့တွင် ဒဏ်ရာရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_jan_2023

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events