Author Archives: Aye Kyimann
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့်သာပေါင်းမြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့်ကရုဏာစည်းလုံး ညီညွတ်ရေးအသင်း (KMSS) တို့ပူးပေါင်း၍ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒညှင်းကုန်းကျေးရွာအုပ်စု၊ ကုန်းတန်းကြီးကျေးရွာ၌ (၁၇-၃-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီအချိန်မှစတင်၍ ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါသည်။ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကုန်းတန်းကြီးကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်ကျေးရွာရှိ ပြည်သူလူထု (၄၅၀) ဦး တက်ရောက်ခဲ့ပြီး သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်၊ ဧရာဝတီတိုင်းဒေသကြီးမိုးလေဝသနှင့် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြု အမှတ်တရအဖြစ် သဘာဝဘေးလျော့ပါး ရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းအား မန္တလေးဗြဟ္မစိုလ်အသင်းကြီး၌ (၁၇-၃-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်း မှာ (၁၇-၃-၂၀၁၇) မှ (၁၉-၃-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၁) ဦးတက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား MPRL EXP Pte Ltd မှ နိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ ဦးစည်သူမိုးမြင့်နှင့်အဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မေမြင့်မောင် ဦးဆောင်သောအဖွဲ့မှ သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ မတ်လ(၁၆) e-government လုပ်ငန်းစဉ်သည် ဝန်ကြီးဌာနအနေဖြင့် မဖြစ်မနေပြောင်းလဲအကောင်အထည်ဖေါ်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လက်ရှိအခြေအနေကိုလေ့လာသုံးသပ်ပြီး နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် ပြောင်းလဲ ဆောင်ရွက် သင့်သည့်လုပ်ငန်းများ၊ နိုင်ငံတော်အစိုးရ၏ e-government လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖေါ်မှုနှင့် မိမိတို့ဝန်ကြီးဌာန၏ ပြောင်းလဲဆောင်ရွက်မှုများ ချိတ်ဆက်မိစေရန်လိုအပ်ကြောင်း၊ လက်ရှိမိမိတို့ဝန်ကြီးဌာန၏အခြေအနေကို သုံးသပ်လေ့လာ၍တင်ပြခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်းဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်က ဝန်ကြီး ဌာနတွင် လာရောက်တွေ့ဆုံသော Myanmar Petroleum Resources … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ (၁၀) လမ်းတွင် ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ (၁၀) လမ်းတွင် (၁၅-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၃) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၁၀၈၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၁၅၀၀၀၀ိ/-)၊ စုစုပေါင်း (၁၆၀၈၀၀ိ/-) … Read more
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Medair Emergency Relief and Recovery (MEDAIR) အဖွဲ့အစည်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်အပါအဝင် တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Medair Emergency Relief and Recovery (MEDAIR) အဖွဲ့အစည်းတို့ ဘေးအန္တရာယ်ခံစားနေရသော သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော အရပ်ဒေသများတွင် နေထိုင်လျက်ရှိသော ပြည်သူလူထုအရေးပေါ်အကူအညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Church World Service (CWS) အဖွဲ့အစည်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်အပါအဝင် တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်Church World Service (CWS) အဖွဲ့အစည်းတို့ မြန်မာနိုင်ငံအတွင်း ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ရေးဆိုင်ရာစွမ်းရည်များ မြှင့်တင်ပေးရေး၊ လူထုအဆောက်အအုံများ တိုးတက်မြှင့်မားလာစေရေးလုပ်ငန်းစီမံကိန်းကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် The International Organization For Migration (IOM) အဖွဲ့အစည်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်အပါအဝင် တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့၊ မွန်းတည့် (၁၂းဝ၀) နာရီအချိန်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် The International Organization For Migration (IOM) အဖွဲ့အစည်းတို့ ဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အရေးပေါ်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး တိုးမြှင့်ထောက်ပံ့ပေးခြင်း စီမံကိန်းလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဆက်လက်ပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၇) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု မြစိမ်းကန်ကျေးရွာ၌ သဘာ ဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအား ဆက်လက်ပို့ချပြီး အရေးပေါ်အခြေအနေတွင် ကြိုတင်သတိပေးချက်စနစ် ကောင်းမွန်စွာဆောင်ရွက်တတ်စေရေး မြစိမ်းကန်ကျေးရွာ ရေကာတာတွင် လက်တွေ့ သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု မြစိမ်းကန်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား ဖွင့်လှစ်ခဲ့ရာ တက်ရောက်သူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အောင်မြေကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၇) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အောင်မြေကျေးရွာတွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
