ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်အပါအဝင် တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Medair Emergency Relief and Recovery (MEDAIR) အဖွဲ့အစည်းတို့ ဘေးအန္တရာယ်ခံစားနေရသော သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော အရပ်ဒေသများတွင် နေထိုင်လျက်ရှိသော ပြည်သူလူထုအရေးပေါ်အကူအညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။