ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ (၁၀) လမ်းတွင် ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှု သတင်း

17_Pic_01

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ (၁၀) လမ်းတွင် (၁၅-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့်  နေအိမ် (၃) လုံး၊  အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊  (၃) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၁၀၈၀၀ိ/-)၊  အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၁၅၀၀၀၀ိ/-)၊ စုစုပေါင်း (၁၆၀၈၀၀ိ/-) အား (၁၆-၃-၂၀၁၇) ရက်နေ့ တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events