Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ကမြောကင်း အ.ထ.က ကျောင်း၌ ဆရာနှင့် ကျောင်းသား စုစုပေါင်း (၃၇၀) ဦးအား သဘာဝဘေး အသိပညာပေးဟော ပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ညောင်ဇင် အ.ထ.က ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏား ကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသည့် အိမ်ခြေ (၁၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၅၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၈၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၈၀၆၀၀/-) ကျပ်နှင့် အောင်ဆိပ်ကျေးရွာတွင် လုံး၀ ပျက်စီးအိပ်ခြေ (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ် မီးသတ်တပ်ဖွဲ့၊ လပွတ္တာမြို့နယ်ကြက်ခြေနီအသင်းနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သောဗွီနိုင်းများကို  လပွတ္တာမြို့ရေပေါ်ဈေးနှင့် ဆိပ်ကမ်းရှိစက်လှေပေါ်များတွင် ချိတ်ဆွဲဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှထုတ်ဝေသည့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဈေးဝယ်ပြည်သူများထံသို့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများသဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    လပွတ္တာခရိုင်ဦးစီးမှူးရုံးမှူး (ကဆရ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်အတွက်  (၆-၆-၂၀၁၇) ရက်နေ့မှ (၉-၆-၂၀၁၇) ရက်နေ့အတွင်း ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ (၆) လုံး အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၃) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၄၈၃၀၀/-) ကျပ်တို့အား ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသိ့ု (၁၃-၆-၂၀၁၇) … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ပေါက်လေးပင်ကျေးရွာအုပ်စု ပေါက်လေးပင်ကျေးရွာ လက်ပံဦးကျေးရွာ ဆင်ပွတ်ကျေးရွာနှင့် မြေခြားကျေးရွာတို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (၉-၆-၂၀၁၇) ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ (၆၂) လုံး အိမ်ထောင်စု (၆၂) စု လူဦးရေ (၂၆၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၅၅၂၃၀၀/-) ကျပ်အား စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့  (၁၂-၆-၂၀၁၇) … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု ကြူတော (အလယ်) ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (၇-၆-၂၀၁၇) ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ခြေ (၂၃) လုံး အိမ်ထောင်စု (၂၃) စု လူဦးရေ (၁၀၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၂၂၆၀၀) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် gender mainsteraming သင်တန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ ဖရူဆိုမြို့၌ (၁၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် gender mainsteraming သင်တန်းအား ဖွင့်လှစ်ခဲ့ ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် စိတ်ပါဝင်စားသူ (၂၅) ဦး တက်ရောက်ပြီး  သင်တန်းကာလမှာ (၁၃-၆-၂၀၁၇) ရက်နေ့မှ (၁၅-၆-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့မှ … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၌ မြောင်းပုလဲ အ.ထ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မိချောင်းကိုက်၍သေဆုံးသူ၏ မိသားစုဝင်များအား ကူညီထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ပျဉ်ဘိုးကြီးကျေးရွာအုပ်စု ကန့်ဗလာကျေးရွာမှ ဦးဌေးဝင်း (ဘ) ဦးမြမောင်သည် မိန်းမလှ ကျွန်းဘေးမဲ့တောအတွင်း ဂဏန်းထောင်စဉ် မိကျောင်းကိုက်ချီဆွဲခံ ရပါသဖြင့်(၁၁-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသွားသောကြောင့် သေဆုံးသူ၏ မိသားစုဝင်များထံ (၁၂-၆-၂၀၁၇)  ရက်နေ့၌ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events