Author Archives: Aye Kyimann
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့ နယ် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာမများနှင့် သင်တန်းသူ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များကို ဟောပြောပို့ချခဲ့ပါပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းစီမံချက် (MAPDRR) ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များစုံညီအစည်းအဝေး ကျင်းပမှုသတင်း
နေပြည်တော်ရှိ Grand Amara Hotel ၌ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များစုံညီအစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ကုလသမဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Deputy Country Director Ms. Dawn Del Rio နှင့် UN, INGOs, NGOs များမှ ဖိတ်ကြားထားသည့် ဧည်သည်တော်ကြီးများ တက်ရောက်ခဲ့ပါသည်။ … Read more
-
ပခုက္ကူမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့စက်မှုဇုန်ခန်းမတွင် (၂၀-၆-၂၀၁၇) ရက်နေ့ (ဝ၉း၀၀) နာရီအချိန်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးနေဝင်းနှင့် ပခုက္ကုူခရိုင်ထွေအုပ် မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြပြီး ခရိုင်အတွင်း ရှိမြို့နယ် များမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်းကာလမှာ (၂၀-၄-၂၀၁၇) ရက်မှ (၂၄-၆-၂၀၁၇) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည်ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၁၆-၆-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၇၁) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၄၉၁၀၀/-) ကျပ် ၊ စုစုပေါင်း (၂၂၄၉၁၀၀/-) ကျပ်နှင့် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုရာမုန်တိုင်းကြောင့် မောင်တောမြို့နယ် လေဘေးသင့်ကျေးရွာအုပ်စု (၁၁) စုမှ လုံးဝပြိုကျအိမ် (၂၀၄) လုံးအတွက် (၁၂၅၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃၁၉) လုံးအတွက် (၆၂၈၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၈၇၈၀၀၀၀၀/-) ကျပ်တို့အား (၁၈-၆-၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အ တူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုရာမုန်တိုင်းကြောင့် ဘူးသီးတောင်မြို့နယ် လေဘေးသင့်ကျေးရွာအုပ်စု (၁၉) စုမှ လုံးဝပြိုကျအိမ် (၂၁၉) လုံးအတွက် (၂၁၉၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ် (၁၁၀၅) လုံးအတွက် (၂၆၇၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၄၈၆၀၀၀၀၀/-) ကျပ်တို့အား (၁၈-၆-၂၀၁၇) မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း(၂)
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း ၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) မှ (၁၆-၆-၂၀၁၇) နေ့ နိုင်ငံတကာမိုးလေဝသ Website ဖြစ်သော Windyty မှ ရရှိသော အချက်အလက်များအရ ရခိုင်ပြည်နယ်၏ မိုးရေချိန်များမှာ အနည်းဆုံး (၀.၅၈ လက်မမှ ၂.၇၃ လက်မ)ထိ ရှိနိုင်သည့် အနေအထားကိုတွေ့ရှိရပါသည်။ ၂။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ မိုးရွာသွန်းနိုင်မှုအခြေအနေများကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ မြစ်ရေတိုးခြင်းနှင့် မိုးသည်းထန် စွာရွာသွန်းခြင်းတို့ကြောင့် ရေကြီး/ရေလျှံမှုများဖြစ်ပေါ်လာနိုင်ပြီး ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမ က လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့ (၁၃း၀၀) နာရီတွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ အင်းမငယ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ အားဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲွသို့ လူဦးရေ (၈၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့ (၁၃း၀၀) နာရီ၌ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာတွင် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ဖိုးငွေ (၈၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-) ကျပ်တို့ အား (၁၆-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့၌ ကျိုင်းတုံမြို့ နယ် ၊မိုင်းလန်းကျေးရွာအုပ်စု၊ ဝမ်ဝိုင်းကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန် ရိက္ခာ (၄၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်နှင့် မီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီး တစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀ဝဝ/-) ကျပ်၊ စုစုပေါင်း (၅၀၄၂၀၀/-) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
